Depression ဆိုတာဘာလဲ? Depression ဆိုတဲ့ စကားလုံးကို လူတိုင်းရင်းနှီးပေမယ့် ဝေါဟာရရဲ့ အဓိပ္ပါယ်ကို အတွင်းကျကျသိရှိသူနည်းပါးမယ်လို့ထင်ပါတယ်။ စိတ်ကျခြင်း နဲ့ ဝမ်းနည်းခြင်း က ပုံစံခြင်းဆင်ပေမယ့် အချိန်အတိုင်းအတာတစ်ခုကိုရောက်သွားရင်တော့ မတူညီကြတော့ပါဘူး။ စိတ်ကျရောဂါ ဆိုတာကတော့ ဝမ်းနည်းခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အကြောင်းအရာမဲ့ မျှော်လင့်ချက်ပျောက်ဆုံးခြင်း ၊ နိစ္စဒူဝ လှုပ်ရှားသွားလာမှုတွေကိုစိတ်ကုန်လာခြင်း၊ အစရှိတဲ့ ခံစားချက်တွေကို ရောထွေးစွာခံစားရတဲ့ ရောဂါလက္ခဏာတစ်ခုပဲဖြစ်ပြီး အမြဲတစေ ကိုယ့်သွားရာနောက်ကိုလိုက်ပါလာတဲ့ စိတ်ခံစားမှု ရောဂါလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ ကုသလိုက်တာနဲ့ အပြီးတိုင်ပျောက်ကွယ်သွားနိုင်တဲ့ ရောဂါမျိုးမဟုတ်တာကြောင့် မကြာခဏရောဂါလက္ခဏာ ပြန်လည်ပေါ်ပေါက်လာနိုင်ပြီး အနည်းဆုံး ၂ပတ်ကနေ ၁လ၊ အများဆုံး ၁နှစ်ထိဝေဒနာကိုဆက်တိုက်ခံစားရနိုင်ပါတယ်။ Jiji တို့ပတ်ဝန်းကျင်မှာ စိတ်ကျဝေဒနာခံစားနေရတဲ့ လူတစ်ယောက်ကို အလွယ်တကူ မသိမြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်ကျရောဂါခံစားနေရသူတွေက သူတို့ရဲ့ ခံစားချက်ကို လူသိအောင်ထုတ်ဖော်မပြောပြကြလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် အေ...