▪ Mental illness & depression is not a trend ▪ 

Jiji က depression အကြောင်း google ခေါက်ရင်း ရှာတွေ့ခဲ့တဲ့ ခေါင်းစဉ်လေးပါ။ 

အခုနောက်ပိုင်း social network တွေ အထူးသဖြင့် facebook လို လူအများအပြား အသုံးပြုတဲ့ social media platform တွေမှာ depression ဆိုတဲ့ စကားလုံးကို တော်တော်များများ အသုံးပြုလာကြတာတွေ့ရပါတယ်။ တစ်ချို့တွေဆိုရင် fashion trend တစ်ခုအနေနဲ့သာမက ဟာသတစ်ခုအနေနဲ့ပါ depression ဆိုတဲ့စကားလုံးကို အသုံးပြုလာကြတာမျိုးတွေ့ရပါတယ်။ 

Mental illness ဆိုတာ တစ်ကယ်တန်းတော့ ချစ်စရာကောင်းတဲ့ ခပ်မိုက်မိုက်ရောဂါမျိုးမဟုတ်သလို စိတ်ကျရောဂါ ခံစားနေရသူတွေက သူတို့ခံစားနေရတာကို လူတွေရှေ့မှာလည်းထုတ်ဖော်မပြောဆိုတက်ကြပါဘူး။ အပြင်သွားခါနီး ဝတ်စရာ အင်္ကျီ ရှာမတွေ့တာက depression မဟုတ်သလို  အကြောင်းအရင်းတစ်စုံတစ်ခုကြောင့် ခဏတာ ဝမ်နည်းခြင်းကလည်း depression မဟုတ်ပါဘူး။ 

Depression ဆိုတာ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ ခံစားနေရတဲ့ စိတ်ရောဂါတစ်ခုဖြစ်ပြီး ရောဂါလက္ခဏာ မကြာခဏ ပြန်ပေါ်လာတက်သလို လုံးဝပျောက်ကွယ်သွားတာမျိုးလဲမရှိပါဘူး။ 

မိုးလင်းလာလို့ မျက်လုံး နှစ်လုံးပွင့်တာနဲ့ ပုံမှန်ကျင်လည်နေတဲ့ တစ်နေ့တာလုပ်ငန်းစဉ်တွေကို နေ့စဉ်ရက်ဆက် စိတ်ကုန်နေမယ်၊ ကိုယ့်ကိုယ်ကိုယ် ကမ္ဘာပေါ်မှာရှင်သန်နေတဲ့ သူတိုင်းထက် နိမ့်ကျနေတယ်လို့တွေးမိပြီး စိတ်ပျက် ဝမ်းနည်းနေမယ်၊ ကိုယ့်ပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်ကိုအမြဲချန်ထားတယ်လို့ခံစားနေရမယ်၊ ငါကလူတွေနဲ့မတန်ပါဘူး ဒါမှမဟုတ် မကောင်းတဲ့ကိစ္စတစ်ခုဖြစ်တိုင်း ငါကဒီလိုအခြေအနေနဲ့ပဲ တန်တယ်လို့ခံစားနေရမယ်၊ လောကကြီးမှာ ကိုယ့်ရဲ့ဖြစ်တည်မှု  ကိုယ့်ရဲ့ရှင်သန်မှုတွေက တန်ဖိုးမရှိဘူးလို့ တွေးမိမယ် အစရှိတာတွေကို နေ့စဉ်ရက်ဆက်တွေးမိနေတာမျိုးကို Depression လို့ခေါ်ပါတယ်။ 

ဒါဆိုရင် စိတ်ကျရောဂါခံစားနေရသူတစ်ယောက်အနေအထားနဲ့တွေးကြည့်ရအောင်…

Jiji ရဲ့ သူငယ်ချင်းဖြစ်သူက စိတ်ကျရောဂါခံစားနေရသူတစ်ယောက်ပါ။ တစ်နေ့ကျတော့ သူက jiji ကို အခုချိန်မှာ depression ဆိုတာ trend တစ်ခုလိုဖြစ်နေတဲ့အကြောင်း၊ အဲ့လိုမျိုးဖြစ်လာတာကို အရမ်းဝမ်းနည်းမိကြောင်း၊ အဲ့လိုကိစ္စရပ်တွေကြောင့် depression နဲ့ sadness ကိုတူညီတဲ့ အရာတစ်ခုလိုထင်လာနိုင်ကြပြီး အချိန်တန်ရင်ပြီးသွားမယ့် ရောဂါတစ်ခုလိုဖြစ်လာနိုင်ကြောင်း၊ ဒါ့အပြင် လူတိုင်းက depression ကို သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ခံစားချက်တစ်ခုလိုသတ်မှတ်သွားနိုင်ကြောင်း jiji ကိုပြောပြတယ်။

သူဒီလိုပြောလို့ လူတိုင်းမှာတော့ စိတ်ဒဏ်ရာ၊ ခံစားချက်၊ ဝမ်းနည်းမှု၊ ကြောက်လန့်မှု၊ သိမ်ငယ်မှုကိုယ်စီရှိကြတာပဲ သူတို့က ဘာလို့ထူးခြားပြီး ဒီလိုသီးသန့် ခွဲထွက်နေတာလဲ လို့မေးမယ်ဆိုရင်  ကမ်းမမြင်လမ်းမမြင် ပင်လယ်ကြီးအလယ်မှာ အသက်ရှင်ဖို့အတွက် ကြိုးစားပန်းစားရေကူးနေတဲ့သူတစ်ယောက်ကို  ရေကန်အကျယ်တစ်ခုထဲမှာ  ရေကူးနေတဲ့သူတစ်ယောက်က မင်းလည်းကူးနေတာပဲ ငါလည်းကူးနေတာပဲ ကူးနေတာခြင်းအတူတူကို ဘာလို့မင်းက ပိုပင်ပန်းတယ်လို့ထင်နေတာလဲလို့ သွားပြောသလိုဖြစ်နေမှာပါ။

လူတစ်ယောက်ရဲ့ အပေါ်ယံအပြုအမူကို ကြည့်ပြီး သူကဘယ်လိုပုံပါလို့ ဆုံးဖြတ်ချက်ချဖို့လွယ်ကူပေမယ့် တစ်ကယ့်နက်နဲတဲ့ ခံစားချက်ထဲမှာ ဘယ်လိုဒဏ်ရာခံစားချက်ရှိနိုင်မလဲဆိုတာ ကာယကံရှင်ကလွဲရင်ဘယ်သူမှ မသိနိုင်ပါဘူး။ ကာယကံရှင်ကိုယ်တိုင်က ငါဘယ်လိုခံစားနေရတာပါလို့ ပြောမယ်ဆိုရင်တောင် သူ့ခံစားနေရတာကို အနီးစပ်ဆုံးပဲတွေးလို့ရမယ် ကိုယ်ကသူမဟုတ်တဲ့အတွက် အယူအဆ တွေးခေါ်ပုံ ကွာခြားတာကြောင့် သူခံစားနေရတဲ့ ဝေဒနာကို တစ်ထပ်တည်းခံစားနားလည်နိုင်မှာမဟုတ်ပါဘူး။ 

ဒီလိုအကြောင်းအရင်းတွေကပဲ စိတ်ကျရောဂါခံစားနေရသူတွေကို တစ်ရက်ထက်တစ်ရက် သာမန်လူတွေနဲ့ ဝေးကွာရာကို တဖြေးဖြေးခွဲထွက်သွားစေတာပါ။

ဒါ့ကြောင့် depression ဆိုတဲ့စကားလုံး နောက်ကွယ်က အဓိပ္ပါယ်ကို လူတိုင်း သိမြင်နားလည်ကိုယ်ချင်းစာကြမယ်ဆိုရင် ပိုပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ပိုင်ဆိုင်ရမှာပါ။ 

-healyoursoulwithus

#depression #healingyoursoul

Comments

Popular posts from this blog