Depression ဆိုတာဘာလဲ?

Depression ဆိုတဲ့ စကားလုံးကို လူတိုင်းရင်းနှီးပေမယ့် ဝေါဟာရရဲ့ အဓိပ္ပါယ်ကို အတွင်းကျကျသိရှိသူနည်းပါးမယ်လို့ထင်ပါတယ်။ စိတ်ကျခြင်း နဲ့ ဝမ်းနည်းခြင်း က ပုံစံခြင်းဆင်ပေမယ့် အချိန်အတိုင်းအတာတစ်ခုကိုရောက်သွားရင်တော့ မတူညီကြတော့ပါဘူး။ 

စိတ်ကျရောဂါ ဆိုတာကတော့ ဝမ်းနည်းခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အကြောင်းအရာမဲ့ မျှော်လင့်ချက်ပျောက်ဆုံးခြင်း ၊ နိစ္စဒူဝ လှုပ်ရှားသွားလာမှုတွေကိုစိတ်ကုန်လာခြင်း၊ အစရှိတဲ့ ခံစားချက်တွေကို ရောထွေးစွာခံစားရတဲ့ ရောဂါလက္ခဏာတစ်ခုပဲဖြစ်ပြီး အမြဲတစေ ကိုယ့်သွားရာနောက်ကိုလိုက်ပါလာတဲ့ စိတ်ခံစားမှု ရောဂါလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

ကုသလိုက်တာနဲ့  အပြီးတိုင်ပျောက်ကွယ်သွားနိုင်တဲ့ ရောဂါမျိုးမဟုတ်တာကြောင့် မကြာခဏရောဂါလက္ခဏာ ပြန်လည်ပေါ်ပေါက်လာနိုင်ပြီး အနည်းဆုံး ၂ပတ်ကနေ  ၁လ၊ အများဆုံး ၁နှစ်ထိဝေဒနာကိုဆက်တိုက်ခံစားရနိုင်ပါတယ်။

Jiji တို့ပတ်ဝန်းကျင်မှာ စိတ်ကျဝေဒနာခံစားနေရတဲ့ လူတစ်ယောက်ကို အလွယ်တကူ မသိမြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်ကျရောဂါခံစားနေရသူတွေက သူတို့ရဲ့ ခံစားချက်ကို လူသိအောင်ထုတ်ဖော်မပြောပြကြလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် အောက်မှာပြောပြမယ့် အချက်လေးတွေကိုကြည့်ပြီး အကြမ်းဖျင်းသိရှိနိုင်တာကြောင့် ကိုယ့်သိနိုင်တဲ့ အကြောင်းအရာပေါ်မူတည်ပြီး ဆက်လက်အကဲခတ်နိုင်ပါတယ်။ 

စိတ်ကျရောဂါရဲ့ လက္ခဏာရပ်တွေကတော့

(၁)  လူတစ်ယောက်က လိုတာထက်ပိုပြီး စိတ်ဖိစီးမှုများပြားလာမယ်။

(၂)   အရင်က နှစ်သက်ခဲ့တဲ့ အပြုအမူ၊ အလေ့အကျင့်တွေကို စိတ်ဝင်စားမှုလျော့နည်းလာမယ်။

(၃)   ရာဂစိတ်လျော့နည်းလာမယ်။

(၄)   အစားသောက် စားသုံးမှုပုံစံပြောင်းလဲလာမယ်။

(၅)   ရုတ်တရက် ကိုယ်ခန္ဓာအလေးချိန် တိုးလာမယ် ဒါမှမဟုတ် လျော့သွားမယ်။

(၆)   စိုးရိမ်ကြောင့်ကြတဲ့ စိတ်အရမ်းများလာမယ်။

(၇)   အိပ်ချိန်မမှန်တာတွေဖြစ်လာမယ်၊ အရမ်းအိပ်ပြီး အားမရှိတာမျိုး ၊ တစ်နေ့လုံးကို ၂နာရီလောက်ပဲအိပ်ပျော်တာမျိုးတွေဖြစ်လာမယ်။

(၈)   ကိုယ်ခန္ဓာလှုပ်ရှားမှု လေးလံပြီး စကားပြောနှေးလာမယ်။

(၉)   ပြင်းထန်တဲ့ လှုပ်ရှားမှုမရှိပဲ အားအင်ကုန်ဆုံး မောပန်းတာတွေဖြစ်လာမယ်။

(၁၀) ကိုယ့်ကိုကိုယ် တန်ဖိုးမရှိတဲ့ အပိုလူလို ခံစားလာရမယ် ။

(၁၁) ဘယ်လိုအကြောင်းအရာမျိုးတွေပဲဖြစ်ဖြစ် ခက်ခက်ခဲခဲ အာရုံစိုက်ရမယ်၊ ဆုံးဖြတ်ချက်ချဖို့ ချိတုံချတုံဖြစ်မယ်။

(၁၂) ခဏခဏ သေကြောင်းကြံစည်တဲ့ အကြောင်းအရာတွေတွေးမိပြီး ကိုယ့်ကိုကိုယ် ထိခိုက်နာကျင်စေတဲ့ အပြုအမူတွေကို ပြုလုပ်လာမယ်ဆိုရင်တော့ နီးစပ်ရာ ကျန်းမာရေး အကြံပေးတွေနဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ 

အခုဆိုရင်တော့ စိတ်ကျရောဂါဝေဒနာခံစားနေရတဲ့ လူတစ်ယောက်ရဲ့ ပြောင်းလဲလာတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ အချက်အလက်လေးတွေကိုပြောပြီးပြီဖြစ်တာကြောင့် နောက်တစ်ခေါက်တွေမှာ ဘယ်လိုအကြောင်းအရာမျိုးကို ပြောပြပေးမယ်ဆိုတာကိုစောင့်ကြည့်ပေးကြပါနော်။


-Healyoursoulwithus

#Depression #healingyoursoul


Comments

Popular posts from this blog