"ကိုယ့်ရဲ့ ဒေါသကို ဘယ်လိုထိန်းကြမလဲ" အခုလို စိတ်ညစ်စရာတွေများနေတဲ့ ခေတ်ကာလကြီးမှာ အရင်ကထက်ပို သီးခံနိုင်မှုတွေ၊ နားလည်ပေးနိုင်စွမ်းတွေကုန်ဆုံးလာပြီး စိတ်ခံစားမှုပြင်းထန်လာတဲ့ အခြေအနေတစ်ခုကို လူတော်တော်များများကြုံတွေ့နေပါတယ်။ အဓိကစိတ်ခံစားချက်ကိုပြောရမယ်ဆိုရင်တော့ "ဒေါသစိတ်" ပါပဲ Jiji ကိုယ်တိုင်လည်း ကိုဗစ်ကြောင့်သော်လည်းကောင်း နိုင်ငံရေးအခြေအနေအရသော်လည်းကောင်း စိတ်ဖိစီးမှုတွေများပြီး တစ်ခုခုဆို ဒေါသအရင်ထွက်၊ စိတ်မထိန်းနိုင်တော့ပဲ ကိုယ့်မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ခဏခဏစကားများ ပြသနာဖြစ်ရပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကိုယ့်ရဲ့ စိတ်ဒေါသကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့ အကြောင်းအရာလေးပြောပြချင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဒေါသဖြစ်စေတဲ့ ယေဘုယျ အကြောင်းအရာလေးတွေကိုပြောပြသွားမှာပဲဖြစ်ပါတယ်ရှင်။ - ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ ပြဿနာတွေ (ဉပမာ - မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ အပေါင်းသင်းတွေနဲ့ ကိုယ့်ချစ်သူနဲ အဆင်မပြေမှုတွေ အခုချိန်မှာဆိုရင်တော့ ကျန်းမာရေးနဲ့ နိုင်ငံရေးကအဓိကပေါ့နော်) -တစ်စုံတစ်ယောက်နဲ့ ကိုယ်မျှော်လင့်တကြီးတိုင်ပင်စီစဉ်ထားတဲ့ အရာတွေကို တစ်ဖက်ကနေ ဖျက်သိမ်းလိုက်တဲ့အခ...