Healing Your Soul page ကနေဒီတစ်ခေါက်ပြောပြချင်တဲ့အကြောင်းအရာကတော့ စိတ်ကျရောဂါ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရာလေးပဲဖြစ်ပါတယ်။

စိတ်ကျရောဂါဆိုတာကတော့ mood disorder တစ်ခုဖြစ်ပြီး ဒီရောဂါကို ခံစားနေရသူအရေအတွက်က တဖြေးဖြေးနဲ့ ကြီးထွားလာနေပါတယ်။ ဒါဆိုစိတ်ကျရောဂါခံစားရတဲ့ အကြောင်းအရင်းလေးတွေကို တစ်ချက်လောက်ကြည့်ကြည့်ရအောင်။

စိတ်ကျရောဂါခံစားနေရသူတွေကို လေ့လာချက်အရ ရေရှည်အလုပ်လက်မဲ့ဖြစ်နေသူတွေ၊ အချိန်ကြာမြင့်စွာ အလုပ်ဖိစီးမှုဒဏ်ခံနေရသူတွေ၊ ကာလကြာရှည်စွာ အထီးကျန်ဝေဒနာခံစားနေရသူတွေနဲ့ ကြမ်းတမ်းခက်ထန်ပြီး ဂရုမစိုက်တက်တဲ့ မိသားစုကို ပိုင်ဆိုင်ထားရသူတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့အပြင် မိသားစု၊ ဆွေမျိုး အစရှိတဲ့သူတွေမှာ စိတ်ကျဝေဒနာခံစာဖူးသူရှိရင်လည်း မျိုးရိုးဗီဇအရ စိတ်ကျရောဂါပြန်လည်ပေါ်ပေါက်လာနိင်ပါတယ်။

ကလေးငယ်တစ်ယောက်က အချိန်အကြာကြီး ဝမ်နည်းနေမယ်၊ အရွယ်နဲ့မမျှတဲ့ နာကျင်မှုမျိုးကိုခံစားနေရမယ်၊ တစ်စုံတစ်ခုကိုအရမ်းခင်တွယ်နေတက်မယ်၊ အရမ်းကြောက်လန့်နေပြီးစိတ်ပူတက်မယ်၊ မကြာခဏခေါင်းကိုက်မယ်၊ ကျောင်းသွားဖို့ကို ငြင်းဆန်မယ် ဒါ့အပြင် ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်ထက် လျော့နည်းနေပြီဆိုရင်တော့ သေချာဂရုစိုက် ပြုစုသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုလက္ခဏာတွေက စိတ်ကျရောဂါခံစားနေရတဲ့ ကလေးငယ်တစ်ယောက်ရဲ့ လက္ခဏာတွေဖြစ်တယ်လို့  researcher တွေကတွေ့ရှိထားတာကြောင့်ပဲဖြစ်ပါတယ်။ 

ဆယ်ကျော်သက်အရွယ်တွေမှာတော့ ဝမ်းနည်းခြင်း၊ နာကျင်ခြင်း၊ မကောင်းတဲ့အမြင်တွေ မြင်လာပြီး ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမဲ့လို ခံစားလာရခြင်း၊ စိတ်တိုလွယ်ခြင်း၊ စွမ်းဆောင်ရည်နိမ့်ခြင်း၊ နားလည်သဘောပေါက်မှုလွဲခြင်း၊ စိတ်ထိခိုက်ခံစားမှုလွယ်ခြင်း၊ အလွန်အကြူး အိပ်ခြင်းနဲ့ စားခြင်း၊ ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်း၊ သာမန်လှုပ်ရှားမှုတွေအပေါ်စိတ်ဝင်စားမှုလျော့နည်းလာခြင်း၊ လူအများနဲ့ ရောနှောနေထိုင်မုှကိုရှောင်ဖယ်လာခြင်း အစရှိတဲ့ လက္ခဏာတွေပေါ်ပေါက်လာတက်ပါတယ်။ 

ဒါ့အပြင် အသက်ကြီးပိုင်းအရွယ်တွေမှာ ပေါ်ပေါက်တက်တဲ့ စိတ်ကျရောဂါရဲ့လက္ခဏာတွေကတော့ မှတ်ဉာဏ်အားနည်းလာပြီး အပြုအမူတွေပြောင်းလဲလာမယ်၊ ရုပ်ပိုင်းဆိုင်ရာ ကိုက်ခဲမှု နာကျင်မှုတွေဖြစ်လာမယ်၊ ပင်ပန်းနွမ်းနယ်နေပြီး အစာစားချင်စိတ် ပျောက်ဆုံးနေမယ်၊ အိမ်မှာပဲနေချင်စိတ်ရှိပြီး အပြင်သွားရတာမျိုးတွေကိုရှောင်ရှားလာမယ်၊ မကြာခဏ သေဆုံးဖို့အကြောင်းတွေးမိမယ် အစရှိတာတွေဖြစ်ပေါ်တက်ပါတယ်။

စိတ်ကျရောဂါဆိုတာ တစ်ဘဝလုံးစာရရှိသွားတဲ့ အမျိုးအမည်မဖော်ပြနိုင်တဲ့ စိတ်ခံစားချက်တစ်ခုဖြစ်တာမို့ ကိုယ်ချစ်ရသူတွေမှာ စိတ်ကျရောဂါခံစားနေရသူ တစ်စုံတစ်ယောက်ရှိနေခဲ့မယ်ဆိုရင် သာမန်လူတွေနဲ့မတူတဲ့ သူတို့ရဲ့ အတွေးတွေ အယူအဆတွေကို သေချာလေ့လာပြီး ဂရုတစိုက်ဆက်ဆံသင့်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ အပေါ်မှာပြောပြထားတဲ့ လက္ခာဏာမျိုးတွေ့နေရပြီဆိုရင်တော့ ကလေးသဘာ၀ ဖြစ်တက်ပါတယ်လေလို့သဘောမထားပဲ သေချာစောင့်ကြည့်ပြီး လုံလောက်တဲ့ ဂရုစိုက်မှု၊ နွေးထွေးမှုမျိုးကိုပေးဖို့ အကြံပြုရင်း…။

-healyoursoulwithus

#depression #healingyoursoul

Comments

Popular posts from this blog