Posts

Image
"ကိုယ့်ရဲ့ ဒေါသကို ဘယ်လိုထိန်းကြမလဲ"   အခုလို စိတ်ညစ်စရာတွေများနေတဲ့ ခေတ်ကာလကြီးမှာ အရင်ကထက်ပို သီးခံနိုင်မှုတွေ၊ နားလည်ပေးနိုင်စွမ်းတွေကုန်ဆုံးလာပြီး စိတ်ခံစားမှုပြင်းထန်လာတဲ့ အခြေအနေတစ်ခုကို လူတော်တော်များများကြုံတွေ့နေပါတယ်။  အဓိကစိတ်ခံစားချက်ကိုပြောရမယ်ဆိုရင်တော့ "ဒေါသစိတ်" ပါပဲ Jiji ကိုယ်တိုင်လည်း ကိုဗစ်ကြောင့်သော်လည်းကောင်း နိုင်ငံရေးအခြေအနေအရသော်လည်းကောင်း စိတ်ဖိစီးမှုတွေများပြီး တစ်ခုခုဆို ဒေါသအရင်ထွက်၊ စိတ်မထိန်းနိုင်တော့ပဲ ကိုယ့်မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ခဏခဏစကားများ ပြသနာဖြစ်ရပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကိုယ့်ရဲ့ စိတ်ဒေါသကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့ အကြောင်းအရာလေးပြောပြချင်ပါတယ်။  ပထမဦးဆုံးအနေနဲ့ ဒေါသဖြစ်စေတဲ့ ယေဘုယျ အကြောင်းအရာလေးတွေကိုပြောပြသွားမှာပဲဖြစ်ပါတယ်ရှင်။ - ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ ပြဿနာတွေ (ဉပမာ - မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ အပေါင်းသင်းတွေနဲ့ ကိုယ့်ချစ်သူနဲ အဆင်မပြေမှုတွေ အခုချိန်မှာဆိုရင်တော့ ကျန်းမာရေးနဲ့ နိုင်ငံရေးကအဓိကပေါ့နော်) -တစ်စုံတစ်ယောက်နဲ့ ကိုယ်မျှော်လင့်တကြီးတိုင်ပင်စီစဉ်ထားတဲ့ အရာတွေကို တစ်ဖက်ကနေ ဖျက်သိမ်းလိုက်တဲ့အခ...
Image
  ကိုယ်ချစ်ရသူတွေထဲမှာ စိတ်ကျရောဂါခံစားနေရသူတွေရှိနေလား?? စိတ်ကျရောဂါခံစားနေရသူတွေရဲ့ အတွေးက သာမန်လူတွေရဲ့ အတွေးနဲ့ မတူကြပါဘူး။ စိတ်ကျရောဂါဆိုတာ လူမမြင်နိုင်ပဲ အသက်အန္တရာယ်ရှိတဲ့ရောဂါတစ်မျိုးပါပဲ။ အကယ်လို့ကိုယ်ချစ်ရသူ ဒါမှမဟုတ် ကိုယ်တန်ဖိုးထားရသူတွေထဲမှာ စိတ်ကျရောဂါခံစားနေရသူတွေရှိနေတယ်ဆိုရင် ဘယ်လိုအချက်လေးတွေက သူတိုအတွက်ပိုပြီး စိတ်ဒဏ်ရာရစေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  “အဲ့အကြောင်းတွေးမနေပါနဲ့တော့”  စိတ်ကျရောဂါခံစားနေရသူတွေက သူတို့ရဲ့ စိတ်မချမ်းမြေ့စရာ၊ ဝမ်းနည်းကြေကွဲစရာ အဖြစ်အပျက်တွေကို ခဏခဏပြန်ပြောတက်ကြပါတယ်။ ဒီလို သူတို့အတွက် မမေ့ပျောက်နိုင်တဲ့ အဖြစ်အပျက်တွေကို ပြန်တွေးရင်းရင်ဖွင့်နေတဲ့ အချိန်တစ်ပြိုင်တည်းမှာ သူ့တို့ရဲ့စိတ်ထဲမှာ သူတို့ကိုယ်သူတို့ တန်ဖိုးမဲ့တယ်၊ ကူညီသူမဲ့တယ်လို့ ခံစားနေကြရပါတယ်။ အဲ့လိုအချိန်မျိုးမှာ ကိုယ်က အဲ့အကြောင်းတွေးမနေပါနဲ့တော့လို့ ပြောမိတယ်ဆိုရင် သူတို့ကိုပိုပြီး ကူညီရာမဲ့တဲ့ အပိုလူလိုခံစားသွားရတက်ပါတယ်။  “အကောင်းဘက်ကတွေးပါ” စိတ်ကျဝေဒနာ ခံစားနေရသူတစ်ယောက်ကို ကိုယ်က အတွေးအမြင်ပုံစံပြောင်းလဲစေချင်တဲ့ စိတ်ကြောင့် အကောင်းဘက်ကပြောင်းတွေးကြည့်ပ...
Image
  Healing Your Soul page ကနေဒီတစ်ခေါက်ပြောပြချင်တဲ့အကြောင်းအရာကတော့ စိတ်ကျရောဂါ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရာလေးပဲဖြစ်ပါတယ်။ စိတ်ကျရောဂါဆိုတာကတော့ mood disorder တစ်ခုဖြစ်ပြီး ဒီရောဂါကို ခံစားနေရသူအရေအတွက်က တဖြေးဖြေးနဲ့ ကြီးထွားလာနေပါတယ်။ ဒါဆိုစိတ်ကျရောဂါခံစားရတဲ့ အကြောင်းအရင်းလေးတွေကို တစ်ချက်လောက်ကြည့်ကြည့်ရအောင်။ စိတ်ကျရောဂါခံစားနေရသူတွေကို လေ့လာချက်အရ ရေရှည်အလုပ်လက်မဲ့ဖြစ်နေသူတွေ၊ အချိန်ကြာမြင့်စွာ အလုပ်ဖိစီးမှုဒဏ်ခံနေရသူတွေ၊ ကာလကြာရှည်စွာ အထီးကျန်ဝေဒနာခံစားနေရသူတွေနဲ့ ကြမ်းတမ်းခက်ထန်ပြီး ဂရုမစိုက်တက်တဲ့ မိသားစုကို ပိုင်ဆိုင်ထားရသူတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့အပြင် မိသားစု၊ ဆွေမျိုး အစရှိတဲ့သူတွေမှာ စိတ်ကျဝေဒနာခံစာဖူးသူရှိရင်လည်း မျိုးရိုးဗီဇအရ စိတ်ကျရောဂါပြန်လည်ပေါ်ပေါက်လာနိင်ပါတယ်။ ကလေးငယ်တစ်ယောက်က အချိန်အကြာကြီး ဝမ်နည်းနေမယ်၊ အရွယ်နဲ့မမျှတဲ့ နာကျင်မှုမျိုးကိုခံစားနေရမယ်၊ တစ်စုံတစ်ခုကိုအရမ်းခင်တွယ်နေတက်မယ်၊ အရမ်းကြောက်လန့်နေပြီးစိတ်ပူတက်မယ်၊ မကြာခဏခေါင်းကိုက်မယ်၊ ကျောင်းသွားဖို့ကို ငြင်းဆန်မယ် ဒါ့အပြင် ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်ထက် လျော့နည်းနေပြီဆိုရင်တော့ သေချာဂရုစိုက် ...
Image
  Depression ဆိုတာဘာလဲ? Depression ဆိုတဲ့ စကားလုံးကို လူတိုင်းရင်းနှီးပေမယ့် ဝေါဟာရရဲ့ အဓိပ္ပါယ်ကို အတွင်းကျကျသိရှိသူနည်းပါးမယ်လို့ထင်ပါတယ်။ စိတ်ကျခြင်း နဲ့ ဝမ်းနည်းခြင်း က ပုံစံခြင်းဆင်ပေမယ့် အချိန်အတိုင်းအတာတစ်ခုကိုရောက်သွားရင်တော့ မတူညီကြတော့ပါဘူး။  စိတ်ကျရောဂါ ဆိုတာကတော့ ဝမ်းနည်းခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အကြောင်းအရာမဲ့ မျှော်လင့်ချက်ပျောက်ဆုံးခြင်း ၊ နိစ္စဒူဝ လှုပ်ရှားသွားလာမှုတွေကိုစိတ်ကုန်လာခြင်း၊ အစရှိတဲ့ ခံစားချက်တွေကို ရောထွေးစွာခံစားရတဲ့ ရောဂါလက္ခဏာတစ်ခုပဲဖြစ်ပြီး အမြဲတစေ ကိုယ့်သွားရာနောက်ကိုလိုက်ပါလာတဲ့ စိတ်ခံစားမှု ရောဂါလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ ကုသလိုက်တာနဲ့  အပြီးတိုင်ပျောက်ကွယ်သွားနိုင်တဲ့ ရောဂါမျိုးမဟုတ်တာကြောင့် မကြာခဏရောဂါလက္ခဏာ ပြန်လည်ပေါ်ပေါက်လာနိုင်ပြီး အနည်းဆုံး ၂ပတ်ကနေ  ၁လ၊ အများဆုံး ၁နှစ်ထိဝေဒနာကိုဆက်တိုက်ခံစားရနိုင်ပါတယ်။ Jiji တို့ပတ်ဝန်းကျင်မှာ စိတ်ကျဝေဒနာခံစားနေရတဲ့ လူတစ်ယောက်ကို အလွယ်တကူ မသိမြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်ကျရောဂါခံစားနေရသူတွေက သူတို့ရဲ့ ခံစားချက်ကို လူသိအောင်ထုတ်ဖော်မပြောပြကြလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် အေ...
Image
  ▪ Mental illness & depression is not a trend ▪  Jiji က depression အကြောင်း google ခေါက်ရင်း ရှာတွေ့ခဲ့တဲ့ ခေါင်းစဉ်လေးပါ။  အခုနောက်ပိုင်း social network တွေ အထူးသဖြင့် facebook လို လူအများအပြား အသုံးပြုတဲ့ social media platform တွေမှာ depression ဆိုတဲ့ စကားလုံးကို တော်တော်များများ အသုံးပြုလာကြတာတွေ့ရပါတယ်။ တစ်ချို့တွေဆိုရင် fashion trend တစ်ခုအနေနဲ့သာမက ဟာသတစ်ခုအနေနဲ့ပါ depression ဆိုတဲ့စကားလုံးကို အသုံးပြုလာကြတာမျိုးတွေ့ရပါတယ်။  Mental illness ဆိုတာ တစ်ကယ်တန်းတော့ ချစ်စရာကောင်းတဲ့ ခပ်မိုက်မိုက်ရောဂါမျိုးမဟုတ်သလို စိတ်ကျရောဂါ ခံစားနေရသူတွေက သူတို့ခံစားနေရတာကို လူတွေရှေ့မှာလည်းထုတ်ဖော်မပြောဆိုတက်ကြပါဘူး။ အပြင်သွားခါနီး ဝတ်စရာ အင်္ကျီ ရှာမတွေ့တာက depression မဟုတ်သလို  အကြောင်းအရင်းတစ်စုံတစ်ခုကြောင့် ခဏတာ ဝမ်နည်းခြင်းကလည်း depression မဟုတ်ပါဘူး။  Depression ဆိုတာ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ ခံစားနေရတဲ့ စိတ်ရောဂါတစ်ခုဖြစ်ပြီး ရောဂါလက္ခဏာ မကြာခဏ ပြန်ပေါ်လာတက်သလို လုံးဝပျောက်ကွယ်သွားတာမျိုးလဲမရှိပါဘူး။  မိုးလင်းလာလို့ မျက်လုံး နှစ်လုံးပွင့်တာနဲ့ ပ...